ငပုတောမြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ငပုတော မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မတ်လ(၂၇)ရက်နေ့တွင်  ရောက်ရှိမည့်  (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အဝင်၊ ကမ်းနားလမ်းနှင့် ရပ်ကွက်နေပြည်သူများ၏ လက်ဝယ်သို့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကဗျာဆရာက မျိုးမြတ်မြတ်မြင့်အောင် ရေးသားသော “ဆက်၍ ချီပါ တပ်မတော်”၊ “ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း” သိကောင်း စရာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်း၊ “အမျိုးသားအကျိုးစီးပွား အတွက် ထမ်းဆောင်” ဆောင်းပါးနှင့် “တပ်နှင့် ပြည်သူအမြဲကြည်ဖြူ သွေးခွဲလာသူ ဒို့ရန်သူ” ဆောင်ပုဒ်များ ပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အတူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များက ကျောင်းသား/သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)