ကြို့ပင်ကောက်မြို့တွင် စစ်မှုထမ်းဥပဒေအကြာင်း အသိပညာပေး ဟောပြာပွဲကျင်းပ

ကြို့ပင်ကောက် မတ် ၂၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ကြို့ပင်ကောက်မြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သူများအား စာရင်းကာက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ယခုစာရင်းကောက်ယူခြင်းမှာ အသက် ၂၄ နှစ်နှင့် ၃၀ ကြားအမျိုးသားများကိုသာ စာရင်းကောက်ယူခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယာက်မျှ မကျန်ခဲ့စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဒေသခံပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကိုအချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ကြာင်းနှင့် စစ်မှုထမ်းဥပဒေပါ ဥပဒေများအားတစ်ခန်းစီအသေးစိတ်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲသို့  ဈေးသူ ဈေးသားများပုဂ္ဂလိက ဆေးရုံလုပ်ငန်းရှင်များ၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အင်အား ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)