ချောင်းသာ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရေးအတွက် ဟိုတယ်၊ တည်းခိုရိပ်သာများအား ကြပ်မတ်စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ချောင်းသာမြို့၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ချောင်းသာရုံးခွဲ) ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတွင် ဝန်ထမ်းများ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ရေး၊ တစ်ကိုယ်ရေးသန့်ရှင်းရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေးတို့ကို လည်းကောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာများအား အဆင့်နှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ချောင်းသာမြို့ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရေးအတွက် ဟိုတယ်၊ တည်းခို ရိပ်သာများနှင့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေး ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန (ချောင်းသာရုံးခွဲ) နှင့် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ကျော်ကျော်(ပြန်/ဆက်)