သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က (၄၆)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြောက်၌ သာသနာရေးဆိုင်ရာစာ‌မေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များ စူဠဘွဲ့နှင်းသဘင် စာ‌အောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၁၃၈၄ - ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနိကာယ်၊ ပါဠိပထမပြန်စာ‌မေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များစူဠဘွဲ့နှင်းသဘင် စာ‌အောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲကို (၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းတွင် အဂတိတိုက်ဖျက်ရေး ဟောပြောပွဲကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဒုတိယနေ့ကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ယနေ့နံနက် ၁၀ နာရီက အဂတိတိုက်ဖျက်ရေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲနှင့် ပညာပေးဟောပြောပွဲဆောင်ရွက်
Mar 26,2024
မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အ‌ရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းတို့ ဆောင်ရွက်ကြောင်း သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.ကတကုန်းကြီးကျောင်းရှိ (၁၂၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Mar 26,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
သန်လျင်မြို့နယ်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသူများအားဂုဏ်ပြုပူဇော်
Mar 26,2024
သန်လျင်ခရိုင် သန်လျင်မြို့နယ်မှ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်နှစ်ဦးတို့အား ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်တွင် ကျင်းပခဲ့သည်။
တောင်ငူမြို့၌ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဆရာ၊ ဆရာမများဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချ
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အ.ထ.က(၆)တွင်လည်းကောင်း၊ အလယ်တန်းအဆင့် ဆရာ၊  ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို အ.ထ.က(၁)တွင်လည်းကောင်း၊ အထက်တန်းအဆင့်ဆရာ၊ ဆရာမများဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အ.ထ.က(၅)တွင်လည်းကောင်း ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါသင်တန်းများအား ဆက်လက်ဖွင့်လှစ်ပို့ချလျက်ရှိသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။