ဒဂုံမြောက် မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က (၄၆)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့အတွက်အဆင်သင့်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုးကမှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုး၊ ဒဂုံမြို့သစ်ခရိုင်လဝကမှူး ဦးကိုကိုကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ အင်အားစုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ကြပြီး ကင်းထောက်နည်းပြက ကင်းထောက်ကျင့်ဝတ်နှင့်ပတ်သက်၍ ရှင်းလင်းကာ ပရိုဂျက်တာဖြင့် ကင်းထောက်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအားပြသခဲ့သည်။ အဆိုပါသင်တန်း သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးဖြင့် မတ်လ(၂၅)ရက်နေ့မှ(၂၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက ကင်းထောက်သင်တန်းအတွက် ထောက်ပံ့ငွေ(၂)သိန်းကျပ်ပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်နန်းစန္ဒာအောင်က ကင်းထောက်သင်တန်းအတွက် ထောက်ပံ့ငွေ(၁)သိန်းကျပ်ပေးအပ်ကာ ကင်းထောက်ကျောင်းသား လူငယ်များက ကင်းထောက်လူငယ်များရှေ့သို့လှမ်းသီချင်းဖြင့် သီဆို၍အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ