ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံမြောက် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် နာရီက အမှတ် () အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပညာ‌ရေးမှူးဦး‌ ငွေသူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းစန္ဒာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာအလယ်တန်းဆင့်တွင် နည်းပြဆရာ/ ဆရာမ (၁၅) ဦးက အလယ်တန်းပြ ဆရာ/ ဆရာမ (၁၀၈) ဦးအား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များနှင့် မူလတန်းဆင့်တွင် နည်းပြဆရာ/ ဆရာမ (၃၆) ဦးက မူလတန်းပြဆရာ/ ဆရာမ (၂၁၈) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံဘာသာရပ်များအား မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)