သတင်းများ

မြန်အောင်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စနေဆွမ်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် နေလှန်းဆားများလှိုင်လှိုင်ထွက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်
Mar 26,2024
မွန်ပြည်နယ်တွင် နေလှန်းဆားကြမ်းများကို သြဂုတ်လမှစတင်၍ ဆားထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်ရပြီး ဇန်နဝါရီလမှစတင်ကာ ဆားကြမ်းများစတင်ထွက်ရှိ၍ ယခုမတ်လတွင် ပိုမိုထုတ်လုပ်နိုင်ကာ မေလဆန်းပိုင်းအထိ လုပ်ကိုင်ကြသည်။
မော်လမြိုင် - ရန်ကုန် ရထားလမ်းပိုင်းကို ခရီးစဥ်များပြန်လည်ပြေးဆွဲနေပြီဖြစ်
Mar 26,2024
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းကို ပြုပြင်ပြီးဖြစ်သည့်အတွက် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ရထားခရီးစဥ်များကို ပြန်လည်ပြေးဆွဲနေပြီးဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲများကို မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၁)အ.ထ.က(ခွဲ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုးညိုမြို့နယ်၌ "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ" ဘွဲ့တံဆိပ်တော်ရအရှင်မြတ်အား ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ယနေ့နံနက်ပိုင်းက "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ"ဘွဲ့တံဆိပ်တော်ရအရှင်မြတ်အား ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာ အကျိုးပြုမည့်  တံစိုးဂိတ်လမ်းအား ကတ္တရာခင်းခြင်း၊ လမ်းလယ်ခုံနှင့် မီးတိုင်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာတို့အား တိုက်ရိုက်အကျိုးပြုမည့်  ကျောက်ဆည်မြို့ တောင်ဘက်ပိုင်းရှိ  တံစိုးဂိတ်မြို့အဝင်လမ်းအား ကတ္တခင်းခြင်း၊ လမ်းလမ်ခုံနှင့် လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
ကန့်ဘလူ၌ အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီသင်တန်း (လယ်/ဆင့်)ဆင်းပွဲ ကျင်းပ
Mar 26,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီ သင်တန်း(လယ်/ဆင့်)ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။