သတင်းများ

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးနှင့် အမျိုးသမီးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကျင်းပ
Mar 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ ပြည်သူ့စစ်ထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲ ကျင်းပ
Mar 27,2024
ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ ဥတ္တရသီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဦးစီးအရာရှိ ဒေါ်မြစန်းရီ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ကျိုက်လတ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြို့နယ်အဆင့် သက်ဆိုင်သူ အားလုံးပါဝင်သော "စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား" ကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၃)ရပ်ကွက်၊ ၅ ဖြတ်လမ်းရှိ စန္ဒာမုနိမြတ်စွာဘုရားကြီး၌ ကျင်းပခဲ့သည်။
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲ ကျင်းပ
Mar 27,2024
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက် လုပ်သော မြန်အောင်မြို့ (၄)ခန်းတွဲ(၄)ထပ် နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ တိုင်း/ခရိုင် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရပ်စောက်မြို့တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ထုတ်ဝေသည့် (၇၉) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့နံနက် ၁၀ နာရီက ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Mar 27,2024
၂၀၂၄ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။