ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.ကတကုန်းကြီးကျောင်းရှိ (၁၂၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

ကန်ကြီးထောင့် မတ် ၂၆

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့က တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးဌာနဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် တိုင်း‌ဒေသကြီးပညာရေးမှူးတို့က အ.ထ.က တကုန်းကြီးကျောင်းရှိ (၁၂၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသာ (၁၂၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ အဆိုပါ ကျောင်းဆောင်သစ်သည် အလျား(၁၂၀)ပေနှင့် အနံ(၃၀)ပေရှိပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နန်းမြို့ရိုးကုမ္ပဏီမှ ၂၀၂၃ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး အ.ထ.ကတကုန်းကြီး ကျောင်းရှိ ကျောင်းသား/ သူများအတွက် များစွာအကျိုးဖြစ်စေ‌‌‌‌‌‌‌‌ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)