သတင်းများ

ပင်လုံမြို့၌ (၇၉) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 27,2024
ရှမ်းပြည်နယ်​(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ ကျရောက်သည့် (၇၉)နှစ်မြောက် တပ်မတော် နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉နာရီခွဲအချိန်က လူစည်ကားရာနေရာများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပ
Mar 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ၊အမှတ်(၂၂၅)ခြေလျင်တပ်ရင်းအတွင်းရှိစု‌ ပေါင်းတန်းစီကွင်း၌  ယနေ့နံနက်  ၇ နာရီ အချိန်က(၇၉)နှစ်မြောက် တပ်မတော်နေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Mar 27,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် ဝန်ထမ်းများက နောင်ချိုမြို့နယ်တွင် မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့နယ်၌ စနစ်တကျ လယ်မြေတွင် နွေစပါး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး
Mar 27,2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံ ကျေးရွာအုပ်စု၊ ကြခတ်ဝါးရုံရှိ ကွင်းအမှတ်(၂၆၀)  စနစ်ကျလယ်မြေ (၉၈)ဧက၌ နွေစပါးစိုက်ပျိုးထားရှိမှုအား ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်မှော်ဘီမြို့နယ်၌ ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Mar 27,2024
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သု၀ဏ္ဏ စက်ဘီးလေ့ကျင့်ရေးကွင်း ပြေးလမ်း အသစ်ဖွင့်ပွဲအခမ်းအနားနှင့် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
Mar 27,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သု၀ဏ္ဏ စက်ဘီးလေ့ကျင့်ရေးကွင်း ပြေးလမ်းအသစ်ဖွင့်ပွဲအခမ်းအနားနှင့် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက် ၆:၅၅ အချိန်က သု၀ဏ္ဏဘောလုံးကွင်း ပတ်လမ်း ရှိ စက်ဘီးလေ့ကျင့်‌ရေးကွင်း၌ ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြု
Mar 27,2024
 (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ယနေ့နံနက် ၇ နာရီခွဲက တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးပြမှူးနှင့် စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်၍ စစ်ရေး ပြ အစီအစဉ်များအတိုင်း ဆောင်ရွက်ကြသည်။