သတင်းများ

မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Mar 27,2024
၂၀၂၄ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများကွင်းဆင်းဆောင်ရွက်
Mar 26,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ
Mar 26,2024
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်တွင် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်အားဂုဏ်ပြု ပူဇော်ပွဲအခမ်းအနားကျင်းပ
Mar 26,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်အစိုးရမှချီးမြှင့်သည့် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်ရ မေတ္တာဝါဒီကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တသုမင်္ဂလအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ နွေစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနိုင်ရေး ကွင်းဆင်းစစ်ဆေး
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သာဂရမြို့ ဝဲဒေါင့်ကျေးရွာ၌ နွေစပါးစိုက်ခင်းများအတွင်းပေါင်းမြက်များ ရှင်သန်ကြီးထွားမှု မဖြစ်ပေါ်စေရေး၊ အထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ရည်ရွယ်ကာ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံကာ စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးသည်။
ပေါင်းတည်၌ နွေစပါးမြေသြဇာကြဲပက်ပွဲ ကျင်းပ
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ နွေစပါးမြေသြဇာကြဲပက်ပွဲကို ယနေ့နံနက် ၉ နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ၌ ကျင်းပပြုလုပ်ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကာတွန်းပန်းချီရေးဆွဲနည်းသင်တန်းနှင့် စာပေ၊ ကဗျာရေးစပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ
Mar 26,2024
ရန်ကုန်အရှေ့ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်းဖွင့်လှစ်‌သော ကာတွန်းပန်းချီရေးဆွဲနည်းနှင့် စာပေ၊ ကဗျာရေးသားနည်း သင်တန်းဆင်းပွဲအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။