သတင်းများ

ကဝမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကျင်းပ
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက အ.ထ.က (ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့ ဇိနမာန်အောင်လွတ်လပ်ရေးအောင်စေတီ(ကျောက်တောင်ဘုရား)၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် (၂၁)ကြိမ်မြောက် သံဃာတော်(၁၀၈)ပါးအား သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ
Mar 26,2024
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)၌ တည်ထားကိုးကွယ်လျက်ရှိသော ဇိနမာန်အောင်လွတ်လပ်ရေးအောင်စေတီ(ကျောက်တောင်ဘုရား)၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် (၂၁)ကြိမ်မြောက် သံဃာတော်(၁၀၈)ပါးအား သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ ၂၄ရက်နေ့ တပေါင်းလပြည့်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်ရှိ ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်ရှိ ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးသင်း၏ ဦးဆောင်မှုဖြင့် မတ်လ ၂၁ မှ မတ်လ ၂၅ ရက်နေ့အထိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ/ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အ.ထ.က (ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
လှည်းကူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲပြုလုပ်
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း/ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း မြို့မ(လှည်းကူး) ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 26,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တိုက်ကြီးခရိုင် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကျင်းပ
Mar 26,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ကင်းထောက်လူငယ်သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ချင်းဆက်လမ်း အမှတ် (၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Mar 26,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ချင်းဆက်လမ်း အမှတ်(၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စု ကျားချောင်းကျေးရွာတွင် ယမန်နေ့နံနက်(၇)နာရီက ကျင်းပသည်။