မြောက်ဥက္ကလာပ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဒုတိယနေ့ကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ယနေ့နံနက် ၁၀ နာရီက အဂတိတိုက်ဖျက်ရေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မရမ်းကုန်းခရိုင်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းတင့်က ဆရာ/ ဆရာမများ အဂတိလိုက်စားမှု မရှိစေရေးအတွက် အဂတိတိုက်ဖျက်ရေး၏ သဘောသဘာဝများကို Projector ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းဆင့် နည်းပြဆရာ/ ဆရာမ (၂၀) ဦးနှင့် အလယ်တန်းပြဆရာ/ ဆရာမ (၃၆၀) ဦးခန့်၊ မူလတန်းဆင့် နည်းပြဆရာ/ ဆရာမ (၃၆) ဦးနှင့် မူလတန်းပြဆရာ/ ဆရာမ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)