လပွတ္တာခရိုင်အတွင်းရှိ ဒေသခံပြည်သူများ မြို့မိမြို့ဖများနှင့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ

လပွတ္တာ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လပွတ္တာခရိုင်အတွင်းရှိ ဒေသခံပြည်သူများ မြို့မိမြို့ဖများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လွှတ်‌တော်ကိုယ်စားလှယ်များ လပွတ္တာခရိုင်အတွင်းရှိ (၂) မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်အများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က လပွတ္တာခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များကို ရှင်း‌‌လင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစောသက်နိုင်ဦးမှ လွှတ်တော်ရေးရာအတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များမှ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကိုတင်ပြရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ အမှတ် (၆) ရပ်ကွက်၊ ထွန်းတံတားတွင်ရေပြင်ရှာ ဖွေကယ်ဆယ် ရေးသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနေရာသို့သွားရာက်၍ ဇာတ်တိုက် လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)