လှည်းကူးမြို့နယ်၌ သက်ကြီးဘိုးဘွားများအား အပတ်စဥ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Dec 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကွင်းဆင်းဌာန၊ ဆေးတက္ကသိုလ်(၂)မှ အလုပ်သင်ဆရာဝန်များနှင့် ခရိုင်/မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သွေးတိုးရောဂါနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ကုသပေးခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။