ခန္တီးမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲဖြေဆို

ခန္တီး ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ၂၀၂၄ ခုနှစ် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ဖြေဆိုလျက်ရှိရာ ခန္တီးမြို့နယ်အတွင်းရှိ ကျောင်းများဖြစ်သည့် အ.ထ.က(ခန္တီး)၊ အ.ထ.က(ဆင်သေ)၊ အ.ထ.က(ခွဲ)မြို့မ၊ အ.ထ.က(ခွဲ)နားမေတ္တာ၊ အ.လ.က(ဇီးဖြူကုန်း)ကျောင်းများမှ Grade-9 (၁၀)ဦး၊ Grade-10 (၄)ဦး၊ Grade-11 (၃)ဦး၊ Grade-12 (၄)ဦးစုစုပေါင်း ကျောင်းသား/သူ(၂၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ကျောင်းသား/သူများသည် ယမန်နေ့က မြန်မာစာနှင့် အင်္ဂလိပ်ဖြေဆိုခဲ့ကာ ယနေ့တွင် အထွေထွေဗဟုသုတနှင့် နှုတ်မေးနှုတ်ဖြေ ဖြေဆိုပြီး ယနေ့တွင် ကိုယ်ကာယကြံခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ဖြေဆိုစစ်ဆေးသွားမည်ဖြစ်သည်။

မြို့နယ်အဆင့် ဖြေဆိုအောင်မြင်သည့် ကျောင်းသား/သူများအနေဖြင့် ခရိုင်အဆင့်လူရည်ချွန်စာမေးပွဲဆက်လက်ဖြေဆိုသွားမည်ဖြစ်ပြီး ခန္တီးမြို့နယ်တွင် အ.ထ.က(ခန္တီး)မှ မောင်ရဲရင့်ဝေလွင်က ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ ခုနှစ်များ၌လည်းကောင်း၊ မစံပယ်ဇူးညွှန့်ဇင်က ၂၀၂၃ ခုနှစ်ကလည်းကောင်း လူရည်ချွန်ဆုများရရှိခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)