ကွန်ဟိန်းမြို့၊(နမ့်ကုန်) အခြေခံပညာမူလတန်းကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကွန်ဟိန်း ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ (နမ့်ကုန်) အခြေခံပညာမူလတန်းကျောင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-(၃) ဒေါ်ထွေးထွေးခိုင်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)