မြန်အောင်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု အသိပညာပေးအစီအစဥ် ကျင်းပပြုလုပ်

မြန်အောင် ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု ကျား/မ ရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေး အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၄)ရက်နေ့ နေ့လယ်က မြန်အောင်မြို့ ပရဟိတမြို့ ရွှေကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် ကျား/မရေးရာအခြေပြုအကြမ်းဖက်မှု GBV အကြောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)