ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဆေးကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ရွှေပညာဒါန(အခမဲ့) ရွှေပညာသင်တန်း အမှတ်စဉ်(၃၅)ကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဒီဇင်ဘာ(၄) ရက်နေ့က ကျောက်မျက်ဘာသာရပ်ကို သင်ကြားပို့ချသည်။
အဆိုပါ ကျောက်မျက်ဘာသာရပ်ကို သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်ဆန်း (မောင်မောင်ဆန်း Gems & Jewelery Trading Co.Ltd) နှင့် ကျောက်မျက်ပညာရှင် ဦးဝင်းတင့် SUMMIT ကျောက်မျက်စစ်ဆေးစမ်းသပ်ခန်း)တို့က ကျောက်မျက်အရည်အသွေးနှင့် အတု၊ အစစ် ခွဲခြားခြင်းတို့ကို သင်ကြားခဲ့ကြသည်။
အဆိုပါရွှေပညာဒါနသင်တန်းတွင် ရွှေတူးဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေရောင်းဝယ်ခြင်း၊ အခြေခံတွက်ချက်ခြင်း၊ ရွှေပန်းတိမ်၊ ရွှေ၊ ငွေဒင်္ဂါ၊ ရွှေအပေါင်းခံခြင်း ကျောက်မျက်ပညာ၊ အသုံးချရွှေသင်္ချာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်းအစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)