မိုးညိုမြို့နယ်၌ စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး‌ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မိုးညို ဒီဇင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာ‌ဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်မှူးရုံးတို့မှ တာဝန်ရှိသူများက ဒီဇင်ဘာ(၄)ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဈေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့‌ ဈေးမီးဘေးလုံခြုံ‌စေ‌‌ရေးစစ်ဆေးရာတွင် ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် မီတာနှင့်ဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှု၊ မီးဘေးအန္တရယ် ကျရောက်ခဲ့ပါက လျှင်မြန်စွာ အသုံးပြုနိုင်သည့် မီးသတ်ဆေးဘူးများထားရှိမှု၊ ဈေးအတွင်း တတ်ဆင်အသုံးပြုထားသည့် မီးသတ်စက်ရေတွင်း၊ စက်ပစ္စည်းများ၊ မီးသတ်ပိုက်များ အလွယ်တကူ အသုံးပြုနိုင်ရေးနှင့် မီးချိတ်မီးကပ်၊‌ ရေပုံးများစီစဥ်ထားရှိမှု၊ ရေစဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်ထားသည့် ရေကန်များ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် ဆောင်ရွက်ထားသည့် အမှိုက်ကန်တို့အား စစ်‌ဆေးကြည့်ရှုပြီး ဈေးသူ၊‌ ဈေးသားများအား မီးသတ်ဆေးဘူး အသုံးပြုပုံ ပြသ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။                                          

ကိုမင်း(ပြန်/ဆက်)