မိုင်းဖြတ်မြို့နယ် အ.ထ.က(ဟိုနား)၌ စာဖတ်ရှိန်မြှင့်တင်​ရေး လူငယ်စကားဝိုင်း ကျင်းပ

မိုင်းဖြတ် ဒီဇင်ဘာ 

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်​ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က(ဟိုနား)၌ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်​အေးဝင်းခိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ​ကျောင်းသူများအ​နေဖြင့် ဗလငါးတန်းနှင့်ပြည့်စုံ​စေ​ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးလုပ်ငန်းများ ​ဆောင်ရွက်​နေသည့် အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့သည်။

 ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ဟိုနား)မှ (Grade-10) ကျောင်းသား၊ ​ကျောင်းသူများက “အနာဂတ်ကို ပခုံး​ပြောင်းယူကြမည့် လူငယ်များ၊ နည်းပညာတိုးတက်ပြောင်းလဲမှုဖြင့် ပိုမို​ကောင်းမွန်​သော အနာဂတ်ဖန်တီးစို့၊ က​လေးများအနာဂတ် လှပ​ကောင်းမွန်ဖို့၊ မသန်စွမ်းသူများ၏အ​ရေး ကြိုးပမ်းအ​​ကောင်အထည်​ဖော်​ဆောင်ရွက်​ပေး၊ ပညာပြည့်ဝသည့် ဝန်းကျင်​ကောင်းများဖန်တီးစို့”​ခေါင်းစဥ်များဖြင့် အသီးသီးဆွေး​နွေးခဲ့ကြ​ပြီး တက်​ရောက်လာကြသည့် ကျောင်းသား၊ ​ကျောင်းသူများက သိလိုသည့်အချက်များနှင့် စကားလက်​ဆောင်များကို ​မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား​ပေးခဲ့ကြသည်။ 

ယင်း​နောက် စကားဝိုင်းအပြီးတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများ၊ နံရံကပ်စာ​စောင်များကို  ​ကျောင်းသား၊ ​ကျောင်းသူများက ​လေ့လာကြည့်ရှုခဲ့​ကြောင်း သိရသည်။

​​​​မြို့နယ်(ပြန်/ဆက်)