ဟင်္သာတမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲပြုလုပ်

ဟင်္သာတ ဒီဇင်ဘာ ၆

ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေရွယ်ကလေးသူငယ်များ စာအုပ်စာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန်အတွက် အသိပညာပေး၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ဒီဇင်ဘာ (၄) ရက်နေ့ မွန်းလွဲ ၂ နာရီက အ.မ.က (၁၈) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပွဲတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ ဗဟုသုတရစေမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များနှင့် ‌ဗဟုသုတရစေမည့် စာအုပ်စာစောင်များကိုလည်း ပြသခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)