သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Dec 07,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရေနံချောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် ငါးခုံစု အ.လ.က (ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Dec 07,2024
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေရွယ်ကလေးသူငယ်များ စာအုပ်စာပေများဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများရရှိလာစေရန်အတွက် ငါးခုံစုကျေးရွှာ အလယ်တန်းကျောင်းခွဲတွင် အသိပညာပေး၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
လက်ပံတန်းမြို့နယ် အ.ထ.က(ကျေးနီ)၌  လူငယ်စကားဝိုင်း ကျင်းပ
Dec 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်မောင်မယ်များအား ကာယ၊ ဉာဏ၊ မိတ္တ၊ ဘောဂ၊ စာရိတ္တဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ဘက်စုံထူးချွန်ထက်မြက်သည့် လူရည်ချွန်လူငယ်များ ပေါ်ထွန်းလာရေး မျှော်မှန်းချက်ဖြင့် ရည်ရွယ်ပြုလုပ်သော "လူငယ်စကားဝိုင်း"ကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(ကျေးနီ) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကော့ကရိတ်မြို့  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 07,2024
ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး၊ အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်း အကြောင်းအရာများ နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား  ကျင်းပ
Dec 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့ အမှတ်(၁) ဇီးကုန်းလေးရပ်ကွက် ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Dec 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်  ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာ‌ရေးနှစ်၊ အဖွဲ့ခွင့်ပြုရန်ပုံငွေ (၃၈.၈)သန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၁) ဇီးကုန်းလေးရပ်ကွက်(၅)လမ်း အရှည် ၇၁၉ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေး၌ မီးဘေးလုံခြုံရေး စစ်ဆေး
Dec 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး (၁၄) ခရိုင်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များ သွားကျန်းမာရေး အခမဲ့စစ်ဆေး ကုသပေး
Dec 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ (၁၄) ခရိုင်၊ (၄၄) မြို့နယ်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအား သွားကျန်းမာရေးအခမဲ့စစ်ဆေးကုသမှုကို   ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ဆေးကုသမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်  ၇ နာရီအချိန်မှ ညနေ ၁၆နာရီ ၃၀ မိနစ်အချိန်ထိ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ သာကေတအထူးကုဆေးရုံ(ကုတင် ၁၀၀)၌ စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။