မင်းလှ ဒီဇင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်း၊ အထက်တန်းမြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ် အောင်တံခွန်အားကစားကွင်းအတွင်း၌ ကျင်းပသည်။
အဆိုပါလူရည်ချွန်ရွေးချယ်ခြင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ (Grade-9) ကျောင်းသား/သူ (၂၆)ဦး၊ (Grade-10)ကျောင်းသား/သူ (၁၄) ဦး၊ (Grade-11) ကျောင်းသား/သူ (၁၂)ဦးနှင့် (Grade -12) ကျောင်းသား/သူ (၇)ဦး စုစုပေါင်း (၅၉)ဦးတို့က ကိုယ်ကာယကြံ့ခိုင်မှုစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် မီတာ (၁၀၀)၊ လက်ထောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ မီတာ(၄၀၀)မ မီတာ(၈၀၀)ကျားအပြေးတို့ကို ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ပေါက်စ(မင်းလှ)