ကျွန်းလှ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လူရည်ချွန်ရွေးချယ်ရေးအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီက ရွှေကျွန်းမြေဘောလုံးကွင်း၌ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် အပြေး မီတာ (၁၀၀)၊ မီတာ (၄၀၀)၊ မီတာ (၈၀၀) ၊ လက်ထောက် မှောက်တွန်းတင်၊ အိပ်ထမတင်၊ ရပ်လျက်အလျားခုန် ထို့ကို ကျောင်းသား၊ ကျောင်းသူ (၂၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းကို မြို့နယ်ဒုတိယပညာရေးမှူး ဦးစိုးထွန်းနိုင်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)