ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ လူကုန်ကူးမှုအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်

ဘီးလင်း ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လွန်းသဒ္ဒါအောင်က လူကုန်ကူးမှု၏ အဓိပ္ပါယ်နှင့်လူကုန်ကူးခြင်း ခံရသူများအကြောင်းကိုလည်းကောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ရွှေစန္ဒာထွန်းစိုးက လူကုန်းကူးသူများအားပေးနိုင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ လူကုန်ကူးခံရသည့် နည်းလမ်းများနှင့် လူကုန်ကူးခံရပါက ဆက်သွယ် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)