ပွင့်လင်းရာသီ‌ ရောက်ရှိလာတော့မည်ဖြစ်၍ မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်

မင်းတုန်း ဒီဇင်ဘာ ၆

ပွင့်လင်းရာသီ‌ရောက်ရှိလာတော့မည်ဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် ယနေ့နံနက် ၉ နာရီက မီးဘေးအန္တရာယ်ကြိုတက်ကာကွယ်ရေးလုပ်ငန်းကို မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်မျိုးသိန်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေးလုပ်ငန်း ဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးဆိုင်ခန်းများရှိ လျှပ်စစ်ဝါယာရိန်းများကောင်းမွန်မှု ရှိမရှိစစ်ဆေးပြီး ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများထားရှိရန် မှာကြားခဲ့ကြသည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးအသုံးပြုပုံကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဇာကျော်က ဈေးသူ/ ဈေးသားများအားရှင်းပြခဲ့ပြီး မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြှိမ်းသတ်စေခဲ့သည်။ ဆက်လက်ပြီး မီးသတ်ဦးစီးဌာန ဝန်ထမ်းများက မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)