ဟုမ္မလင်းမြို့၌ အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ် (၇/၂၀၂၄) ဖွင့်ပွဲကျင်းပ
Feb 14,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကလေးအလုပ် ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဥ် (၇/၂၀၂၄) ဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၃)ရက် မွန်းလွဲ(၁)နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။