သင်္ဃန်းကျွန်း ဒီဇင်ဘာ ၈
သင်္ဃန်းကျွန်းမြို့နယ်တွင် ဒီဇင်ဘာ အားကစားလကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မူဖြင့် မြို့နယ်အတွင်း ရပ်ကွက်များအလိုက် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီမှစ၍ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာ၌ (ခ)ရပ်ကွက်တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စံပြရပ်ကွက်တွင် ဘောလုံးပြိုင်ပွဲ၊ (က) ရပ်ကွက်တွင် ရိုးရာခြင်လုံး(ဝိုင်းခြင်း)ခတ်ပြိုင်ပွဲ၊ သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် လွန်ဆွဲပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ သုဝဏ္ဏ ၂၅ ရပ်ကွက်တွင် မီတာ ၂၀၀ အပြေးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကျင်းပပြုလုပ်ရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမျိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး စိုးညီဆွေ၊ မြို့နယ်အားကစားမှူး ဦးဦးထွန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သွားရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
သူရိန်(ပြန်/ဆက်)