မြောင်းမြမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်

မြောင်းမြ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို  ၈  နာရီခွဲအချိန်က အမှတ် (၃) ရပ်ကွက်၊ မြသာယာဈေး၌ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးသရုပ်ပြမှုကို မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်းမှုဖြင့် မြောင်းမြခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးမှ ဦးဆောင်ပြီး စျေးအတွင်း၊ အပြင်ရှိစျေးဆိုင် များ၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးသတိရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် မီးသတ်ယာဉ်များဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့်အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် ဌာနဆိုင်များ၊ စျေးသူ၊ စျေးသားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)