ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဒီဇင်ဘာလ(ပထမပတ်) လူထု အားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခန့်က စတင်၍ နံ့သာကုန်းရပ်ကွက်၊ နံ့သာကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စုရပ်ပြုလုပ်၍ လမ်းသစ်လမ်းမှတစ်ဆင့် ရန်ကုန်-အင်းစိန်လမ်းမကြီးအတိုင်း ဗဟိုလမ်းတစ်လျှောက်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ မီးရထားဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ပထမပတ် လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲတွင် အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ခရိုင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်း/အဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများနှင့်တာဝန်ရှိသူများ စုစုပေါင်းအင်အား (၆၃၀)ဦးခန့်ဖြင့် စုပေါင်းလမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားကျန်းမာရေးအားကစားလေ့ကျင့် ခန်းအတွဲ(၁)နှင့်(၂)၊ Fitness danceလေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်းနှင့် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲ တက်ရောက်သူများအား ကောက်ညှင်းပေါင်း၊ အကြော်စုံ၊ ငါးရံ့ခြောက်ဖုတ်၊ ကော်ဖီ၊ ရေသန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ဒီဇင်ဘာလအတွင်း အပတ်စဉ် စနေနေ့တိုင်း သတ်မှတ် စုရပ်နေရာမှ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို