စလင်း ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် သရက်ကုန်းကျေးရွာ၊ ဆိပ်ကြီး၊ အရှေ့ရှား တော၊ ပျိုးခင်းကုန်း၊ တောကြီးကျေးရွာအုပ်စု(၅)အုပ်စုတို့မှ ကျေးလက်နေပြည်သူများအတွက် လူသားချင်းစာနာမှုအစီအစဥ်ဖြင့် မိုခါရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ စလင်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ကျေးရွာအုပ်စု(၅)အုပ်စုမှ ကျေးလက်နေ ပြည်သူအိမ်ထောင်စုများအား စလင်းမြို့နယ်ကြက်ခြေနီအသင်းမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး၊ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားစလင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌဒေါ်ကြူ မာလွင်ဦးဆောင်၍ ကညှပ်ကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ အသင်းဝင်များဖြင့် ပူးပေါင်းကာဖြင့် ကျေးလက်နေပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်သား မြို့နယ်ကြက်ခြေနီအသင်းမှ လာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါ်ကြူမာလွင်ကရှင်းလင်း ပြောကြားခဲ့ပြီး၊ သရက်ကုန်းကျေးရွာအုပ်စုမှအိမ်ထောင်စု (၃၀)၊ ဆိပ်ကြီးကျေးရွာအုပ်စုမှ အိမ်ထောင်စု(၈၀)၊ အရှေ့ရှားတောကျေးရွာအုပ်စုမှ အိမ်ထောင်စု(၁၀၀) ပျိုးခင်းကုန်းကျေးရွာ အုပ်စုမှအိမ်ထောင်စု(၈၀)၊ တောကြီးကျေးရွာအုပ်စုမှ အိမ်ထောင်စု(၈၀) စုစုပေါင်းအိမ်ထောင်စု (၃၇၀)အိမ်ထောင်စုတို့အား မိသားစုတစ်ကိုယ်ရေသုံး ပစ္စည်းများဖြစ်သည့် ဆေးခြင်ထောင် တာပေါ်လင်တစ်ချပ်၊ စောင်နှင့် အမျိုးသမီးအသုံးအဆောင်၊ အမျိုးသားအသုံးအဆောင်များအား မြို့နယ် ကြက်ခြေနီအသင်းဥက္ကာ ဒေါ်ကြူမာလွင်နှင့်တာဝန်ရှိသူများက မိုခါရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၃၇၀)အိမ်ထောင်စုများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများရှေ့မှောက်တွင် လက်ဝယ် အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)