ဟိုပုံး ဒီဇင်ဘာ ၈
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူ လူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဟိုပုံးတပ်နယ်တွင် ဒီဇင်ဘာ အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းရှေ့မှစတင်၍ ဟိုပုံး-လွိုင်လင်သွားပြည်ထောင်စုလမ်းမကြီးအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ တပ်နယ်တွင်းရှိ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့မှ အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစုများမှ စုပေါင်း၍ ကိုယ်လက် ကြံ့ခိုင်ရေးအတွဲ(၁)၊ အတွဲ(၂) ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)