သတင်းများ

သထုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေး မဲဆန္ဒရှင် စာရင်းများ (တတိယအကြိမ်) ကပ်ထားကြေညာ
Dec 24,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ (တတိယအကြိမ်) ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့်‌ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်၌ လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
တီးတိန်မြို့၌ ခရစ္စမတ်အကြို မတ်ဆုံစားပွဲပြုလုပ်ကျင်းပ
Dec 24,2025
ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များနှင့် မြို့မိမြို့ဖများ ခရစ္စမတ်မိတ်ဆုံစားပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့ လူငယ်စင်တာ(Youth Centre)တွင် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) တတိယနေ့ ဖွင့်လှစ်သင်ကြား
Dec 24,2025
ကရင်ပြည်နယ်၊ ဘားအံမြို့ လူငယ်စင်တာ(Youth Centre)တွင် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စ၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းတတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
"ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" နှင့် ပတ်သက်ပြီး မီဒီယာများအား အသိပညာပေးဟောပြောပွဲကျင်းပ
Dec 24,2025
"ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" နှင့် ပတ်သက်ပြီး မီဒီယာများအား အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး၌ ကျင်းပသည်။
ရေးမြို့ မြသီတာဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Dec 24,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အတွက်တာဝန်ရှိသူများသည် ယမန်နေ့က မြသီတာဈေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရေးမြို့ မြသီတာဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Dec 24,2025
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အတွက်တာဝန်ရှိသူများသည် ယမန်နေ့က မြသီတာဈေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
Dec 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။