Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ညောင်လေးပင်မြို့နယ် မူလွန်-ကျူချောင်းအလယ်စုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁၃)နာရီအချိန်က မူလွန်-ကျူချောင်း အလယ်စုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တက္ကသိုလ်မှ ဥပဒေပညာအထူးပြု ပထမနှစ်နှင့်ပဉ္စမနှစ် ကျောင်းသား၊ကျောင်းသူများ မွန်ပြည်နယ် တရားလွှတ်တော်တွင် တရားစီရင်နေမှုများနှင့် တရားခွင် လက်တွေ့လုပ်ငန်းများလေ့လာ
Jul 09,2026
မော်လမြိုင်တက္ကသိုလ်မှ ဥပဒေပညာအထူးပြု ပထမနှစ်နှင့် ပဉ္စမနှစ် ကျောင်းသား ကျောင်းသူများ တရားခွင်လက်တွေ့လုပ်ငန်း လေ့လာရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်တရားလွှတ်တော်သို့ရောက်ရှိရာ တရားလွှတ်တော် တရားသူကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးကျောင်းသား ကျောင်းသူများမှ မွန်ပြည်နယ် တရားလွှတ်တော်တွင် တရားစီရင်နေမှုများနှင့် တရားခွင် လက်တွေ့လုပ်ငန်းများ ၊ ပြတိုက်များကို ဆက်လက်လေ့လာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၊ ရှမ္မမြောင် ကျေးရွာအုပ်စုတွင် တောဆင်များ ဖျက်ဆီးမှုကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီး
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ သာပေါင်းမြို့နယ်၊ ရှမ္မမြောင် ကျေးရွာအုပ်စု၊ ဂွေးကုန်း ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၃ နာရီ အချိန်က တောဆင်များ ဖျက်ဆီးမှုကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်ရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၊ အ.မ.က(ချောင်းဝ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ အ.မ.က(ချောင်းဝ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီတွင် Rice Export Zone (REZ) အကောင်အထည်ဖော်ဆောင်ရွက်မည့် တောင်သူများအား XY-Trading Co., Ltd မှ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်(၂၀၂၆-၂၀၂၇) ခုနှစ် မိုးစပါးရာသီတွင် Rice Export Zone (REZ)(၆၀၀၀)ဧက အကောင် အထည်ဖော်ဆောင်ရွက်မည့် တောင်သူများအား XY-Trading Co., Ltd မှ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကိုယမန်နေ့နံနက် (၉)နာရီ အချိန်က အသုတ်မြို့ရွှေစပါးတန် (၃၀၀)ကျ အဆင့်မြင့်ပေါင်းဆန်စက် ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်းကွင်းသရုပ်ပြ
Jul 09,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ဇီးတောကျေးရွာ ကွင်းအမှတ် (၂၉၉) တောင်သူ ဒေါ်သောင်းငွေ၏ လယ်မြေ ၅ ဧက၌ မိုးစပါးပန်းအထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၈ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆေးဝါးရောင်းချသည့် ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
Page
1
Page
2
Current page
3
Page
4
Page
5
Page
6
Page
7
Page
8
Page
9
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department