ရေတာရှည် ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှကြီးမှူးကျင်းပသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရေတာရှည်အသင်းနှင့် မြို့လှဘောလုံးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်က စားကြရာ ရေတာရှည်အသင်း က၃ ဂိုး၊ ဂိုးမရှိဖြင့် မြို့လှအသင်းကို အနိုင်ရဗိုလ်စွဲသွားခဲ့သည်။
ထို့နောက် အကောင်းဆုံးအားကစားသမားဆုများ၊ ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ ဆုချီးမြှင့်ပေးကြပြီးနောက် ပထမဆုရရှိသည့် ရေတာရှည်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်းဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆုရရှိသည့် မြို့လှအသင်းသားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှုး ရဲမှူးသက်နိုင်မှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)