သတင်းများ

ကော့သောင်းမြို့တွင် မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်နေ့၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်ကြမည့် မဲစာရင်းပါရှိပြီးဖြစ်သည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမနှင့် အ.ထ.က (ခွဲ) အ.လ.က(၂) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့နယ်၌ မဲရုံဖွင့်လှစ်မည့် မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Dec 24,2025
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန်လျာထားသည့် မဲရုံများဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀နာရီတွင် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များအတွင်းရှိ မဲရုံများသို့လည်းကောင်း မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများက ကျုံဒိုးမြို့ပေါ် ရပ်ကွက်များရှိ မဲရုံများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်၌ သင်ထောက်ကူပြု‌မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေး
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဉီးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဉပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသရှိ Elite Petrochemical Co.,Ltd (ဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း) နှင့် Padauk Shwe War Port and Petroleum Co.,Ltd (ဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း) တို့၌ ပြုလုပ်ခဲ့သည်။
(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ စာပြန်သံဃာများအား ဒုတိယဝန်ကြီးဦးအေးထွန်း ဖူးမြော်ကြည်ညို
Dec 24,2025
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ အာဂုံပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်တို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖူးမြော်ကြည်ညိုပြီး တိပိဋကဓရတိပိဋကကောဝိဒဩဝါဒါ စရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ စာထောက်စာမဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ငပုတောမြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Dec 24,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ်ကပ်ထားကြေညာ
Dec 24,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ တတိယအကြိမ် ကပ်ထားကြေညာပေးရာ မဲဆန္ဒရှင်ပြည်သူများ မိမိတို့အမည် ပါရှိခြင်းရှိမရှိကို လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေး ကဏ္ဍရန်ပုံငွေပြန်လည်ပေးအပ်ခြင်းပြုလုပ်
Dec 24,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍအရင်းနှင့် အတိုးများလွှဲပြောင်းအပ်နှံခြင်းနှင့် ရန်ပုံငွေပြန်လည်ပေးအပ်ခြင်းကို ယ‌မန်နေ့ နံနက် (၈) နာရီက စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးမျိုးမင်းထွန်း၊ သထုံခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများကကျေးရွာ (၅) ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။