မြစ်သား ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၅ ရက်နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)