သတင်းများ

ဘုတ်ပြင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်
Jul 06,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၆ ရက်က အောင်မင်္ဂလာရပ်ကွက်ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ခေတ်မီဆန်းသစ်သောပညာရပ်များကို ထပ်မံလေ့လာသင်ယူ၍ မိမိတို့၏ကိုယ်ပိုင်ရက်ကန်းစင်များဖြင့် မိသားစုဝင်ငွေတိုးတက်ရေးရရှိအောင်ကြိုးစား
Jul 06,2026
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ လက်ရက် ကန်း(၆)လ ပထမအကြိမ်သင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက်သည်။
မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ဆည်မြောင်းစွန့်ပစ်‌တာကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှု
Jul 06,2026
မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ဆည်မြောင်းရေကာတာကြီးအရှေ့ဘက် ကွန်ကရစ်ရေကာနံရံ၏ အရှေ့ဘက် ပေ (၈၀) ခန့်အကွာ နယ်ပိုင်အိမ်အဟောင်း (အသုံးပြုခြင်းမရှိ) သည့် နေရာအနီး ဆည်မြောင်းစွန့်ပစ်တာသည် ဧရာဝတီမြစ်‌ရေ တိုက်စားမှု‌ကြောင့် အလျား (၅၀) ပေ၊ အကျယ် (၁၁) ပေခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ယနေ့နံနက်က ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်၌ မိုးရာသီ အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jul 06,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မိုးရာသီ မြို့နယ်စီမံအုပ်ချုပ်ရေးဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က စည်ပင်သာယာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကျောင်းကြက်ခြေနီသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 06,2026
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိပညာရတနာခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၆ခုနှစ် ဇူလိုင်လ ၆ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မတ္တရာ မြို့နယ် ဝက်ခဲကျေးရွာနှင့် ကုန်းကြီးကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်း၌၊ ပျိုးထောင်ခြင်းနှင့် ပျိုးခင်းများအား ယူရီးယားနှင့် သဘာဝမြေသြဇာ ရောနှောကြဲပက်ခြင်းဆောင်ရွက်မှုသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် အဖွဲ့ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jul 06,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်က၊ ရွေးချယ်ခဲ့သောခေါင်နှံများအားပျိုး ထောင်ခြင်းနှင့် ပျိုးခင်းများအား ယူရီးယားနှင့် သဘာဝမြေသြဇာ ရောနှောကြဲပက်ခြင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ နားနုန်းကျေးရွာ/ပါမလုံကွင်း၊ ကွင်းအမှတ် (၆၂)၊ ဦးပိုင်အမှတ် (၇၃)၊ တောင်သူဦးအောင်စိုးလွင်၏ မိုးစပါး (အောင်နိုင်တိုး) စိုက်ခင်း၌ ပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။
မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေး
Jul 06,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ယနေ့နံနက် ၉ နာရီက ကျေးရွာ (၇) ရွာရှိ တောင်သူများအား ချေးငွေများ ထုတ်ပေးလျက်ရှိသည်။