ငါန်းဇွန်မြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဟောပြော
Jul 10,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာဇော်မင်းထက်နှင့် ကျန်းမာရေးဆရာမ (အစိမ်းဝတ်) ဒေါ်သိမ့်သိမ့်မြင့်အောင်တို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များလိုက်ပါလျက် ဇူလိုင် ၉ ရက် နံနက် ၉ နာရီကစ၍ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးဟောပြောခြင်းနှင့် ကျောင်းသား/ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားကျန်းမာရေးနှင့် မျက်စိဝေဒနာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။