တောင်သာမြို့နယ်၌ ပြည်သူ့အတွက် ဆောင်ရွက်ချက်အနေဖြင့် အမှတ် ၆ ရပ်ကွက်တွင် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ဓာတ်အားပို့လွတ်၊ ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ပြည်သူ့အတွက် ဆောင်ရွက်ချက်အနေဖြင့် အမှတ် ၆ ရပ်ကွက်တွင်၂၀၀ ကေဗွီအေထရန်စဖော်မာ ဓာတ်အားပို့လွတ်၊ ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ် ၆ ရပ်ကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းစိုးမှ ရက်(၁၀၀) စီမံချက်အတွင်း ဆောင်ရွက်ခဲ့မှုများ၊ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် တည်ဆောက်ပြီးခဲ့သည့် ၂၀၀ကေဗွီအေထရန်စဖော်မာ တစ်လုံးဖြင့် ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ ဗို့အားပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် အမွှေးနံ့သာရည်ပတ်ဖြန့်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)