ဘိုကလေး ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘိုကလေးမြို့နယ်၊ ငွေတောင်စံပြကျေးရွာ၌ ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲမစတင်မီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်တို့က အဖွင့်အမှာစကားကို လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းလှိုင်က ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးရခြင်းဖြင့် ရည်ရွယ်ချက်များကိုလည်းကောင်း အသီးသီးပြောကြားပြီး ငွေတောင်စံပြကျေးရွာတွင် စိုက်ပျိုးရမည့်ပျိုးပင်များကို ခွဲဝေပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများက ကျေးရွာသူ/ကျေးရွာသားများနှင့် အတူ ငွေတောင်စံပြကျေးရွာရှိ သတ်မှတ်နေရာများအလိုက် မဟော်ဂနီ (၁၀၀) ပင်နှင့် မန်ဂျန်ရှား (၁၀၀) ပင် စုစုပေါင်း အရိပ်ရပျိုးပင် (၂၀၀) ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)