နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 10,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ရွာသစ်ကျေးရွာအနီး ရုံးပင်ချောင်း အေလာယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းသီးနှံဧက ၂၂၀ အတွက် စိုက်ပျိုးရေစတင်ရေပေးဝေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်ဇော် က ယာယီရေထိန်းဆည် တည်ဆောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။