ရေကြည်မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရေကြည်  မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၏ မြို့ကျက်သရေဆောင် သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီးတွင် မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား  ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့‌သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရေကြည်ဒေသအတွင်းရှိ‌ ကျောင်းပေါင်း (၈၅)ကျောင်းမှ သံဃာတော် (၅၁၉)ပါး၊ သီလရှင်(၇၄)ပါး စုစုပေါင်း (၅၉၃)ပါးတို့က စေတီတော်မြတ်ကြီး၏ လက်ယာရစ်အတိုင်း လှည့်လည်အပူဇော်ခံ ကြွရောက်တော်မူကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့သူမြို့သားစေတနာရှင် ဒါယကာ၊ ဒါယိကာမများမှ သဒ္ဒါကြည်ဖြူစွာဖြင့် ဆွမ်းဆန်‌တော်တော်များ၊ လှူဖွယ်ပစ္စည်းများ အစရှိသည့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)