ကျောက်မဲ မတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ချမ်းသာရတောင်တော်ရှိ စိန္တာမုနိစေတီရင်ပြင်ပေါ်တွင် (၄၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄၀)ကျောင်းမှ သံဃာတော် (၁၂၀၁)ပါး၊ သီလရှင်ကျောင်း (၉)ကျောင်းမှ သီလရှင်(၂၄၆)ပါးတို့ ကြွရောက်ခဲ့ကြပြီး ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောက်မဲမြို့နယ် နယ်မြေခံတပ်ရင်းမှ တပ်မတော်မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများမှ ဆန်၊ ဝတ္ထုငွေ၊ ဆေး၊ အချိုရည်၊ မုန့်အမျိုးမျိုး အစရှိသည့်တို့ကို လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)