Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
Mar 10,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကတ္တရာလမ်းသစ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် အပူပိုင်းဒေသစိန်းလန်းစိုပြည်ရေးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက် ပျိုးပင်မျိုးစုံ ပြုစုပျိုးထောင်ထားရှိ
Mar 10,2024
ကျေးရွာသုံးစိုက်ခင်းများ၊ တောင်တန်းစိုက်ခင်းများ၊ (အထူးစိမ်း) တစ်အုပ်တစ်မစိုက်ခင်းများ (၁)ရွာ(၂)ဧကစိုက်ပျိုးနိုင်ရေးနှင့်၊ ပြည်သူဗဟိုပြု စိုက်ခင်းများ၊ တစ်အိမ်ထောင်ကျွန်း(၃)ပင် ၊ သစ်မာ(၂၀)ပင် စိုက်ပျိုးရန်နှင့် အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပျိုးပင်မျိုးစုံ ပြုစုပျိုးထောင်ထားရှိကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဆွေးနွေးဟောပြော
Mar 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်
Mar 10,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို မတ်လ ၉ ရက် နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ ပြည်သာယာခန်းမရှေ့စုရပ်သတ်မှတ်၍ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာကြီး၊ ဆရာမကြီး (၂)ဦးအား ထောက်ပံ့ငွေပေးအပ်
Mar 10,2024
မကွေးတိုင်း ဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၁)ဦးနှင့် ဆရာကြီး (၁)ဦး (ငြိမ်း)တို့အား ပီတိပညာရေးပရဟိတမှ ငွေကျပ် (၁၅)သိန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၈:၃၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သည့် ဓာတ်ပုံဗီဒီယို ရိုက်ကူးနည်းသင်တန်းနှင့် အခြေခံ ပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး
Mar 10,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်း အချိန်က ဓာတ်ပုံဗီဒီယို ရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူ ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြဆောင်ရွက်
Mar 10,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရပ်ဖွံ့ဖြိုးမှုဘာသာရပ်များ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရပ်ဖွံ့ဖြိုးမှု ဘာသာရပ်များ စွမ်းရည်ပြိုင်ပွဲကို မတ်လ ၅ရက်နေ့ မှ မတ်လ ၇ ရက်နေ့အထိ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာ့အားမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5677
Page
5678
Page
5679
Page
5680
Current page
5681
Page
5682
Page
5683
Page
5684
Page
5685
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department