သုံးခွမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးခြင်း အဆင့်မြှင့်တင်ခြင်း (ဆင့်ပွား) သင်တန်းဆင်းပွဲကျင်းပ

သုံးခွ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျန်းမာရေးအသိပညာပေးခြင်း အဆင့်မြှင့်တင်ခြင်း (ဆင့်ပွား) သင်တန်းဆင်းပွဲကို မတ်လ ၅ ရက်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဇော်ဝင်းသန်းက ပြည်သူများအားကျန်းမာ‌ရေး အသိပညာပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အ‌ခြေခံသ‌ဘောတရားများကို နည်းလမ်းမှန်ကန်စွာဖြင့် အသိပညာပေးနိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်‌စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းသန်း၊ မြို့နယ်ကျန်းမာရေးမှူးအဆင့် (၂) ဦးဝေလွင်စိုး (ဘုရားကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ)၊ ဦး‌နေလင်း (မြို့မ) ကျန်းမာရေးမှူး အဆင့် (၃) တို့က မတ်လ ၄ ရက်နေ့မှ ၆ ရက်ရက်နေ့ထိ သုံးရက်ကြာသင်တန်းပို့ချခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (မြို့မ)၊ မိခင်က‌လေးကျန်းမာရေးဌာန၊ မြို့နယ်အတွင်းရှိကျေးလက်ကျန်းမာရေးဌာန (၆)ခု၊ ဌာနခွဲ (၃၂) ခုတို့မှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)