သတင်းများ

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
Mar 09,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကွန်ဟိန်းမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ
Mar 09,2024
ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်ရေးအတွက် ပံ့ပိုးငွေများ‌‌ပေးအပ်၊ ပြည်နယ် ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် လေ၊ ရေ အရည်အသွေးတိုင်းတာရေး စက်ကိရိယာမ
Mar 09,2024
ကချင်ပြည်နယ်မှ သန့်ရှင်း၍ စိမ်းလမ်းစိုပြည်သော ကျောင်းဆုများကို ၂၀၂၃ ခုနှစ်တွင် ပြည်နယ်အဆင့်၊ အမျိုးသားအဆင့်တို့အပြင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ASEAN ECO-School Award 2023 ဆုရခဲ့သော မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအား စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အကောင်အထည်ဖော်နိုင်ရေး မတ် (၈) ရက် နံနက် (၈) နာရီက အဆိုပါကျောင်း၌ ပံ့ပိုးငွေပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့နယ်၌ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်/စာစောင်ပြပွဲပြုလုပ်
Mar 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စိတ်ကြိုက်ပန်းချီ/ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်/ စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေးဒရဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းကို  ယနေ့နံနက်(၁၀)နာရီက ကျုံဒါးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် နောက်ပြန်ဒိုးကျေးရွာ အထက်တန်းကျောင်းများသို့ သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်မည်
Mar 08,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစားနည်း သင်တန်းများကို မတ် ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုလှိုင်ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ် လွှဲပြောင်းပေးအပ်
Mar 08,2024
တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။