ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ထန်းတပင် မတ် ၈

(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၏ ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦးက အမှာစကားပြောကြားခဲ့ပြီး စကားဝိုင်း ဆွေးနွေးပွဲကို သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာနွယ်နီအေးမှ   ဦးဆောင်ကာ ပါမောက္ခ ဒေါက်တာမျိုးထွဋ်၊ တွဲဖက်ပါမောက္ခ ဒေါက်တာ လှိုင်လှိုင်ညွန့်၊ တွဲဖက် ပါမောက္ခ ဒေါက်တာသီတာအေးတို့ဖြင့် ပြည်ထောင်စု တပ်မတော် ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုနောက်      (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် စကားဝိုင်း ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား ခေတ္တ ပါမောက္ခချုပ် ဒေါက်တာ သန်းဇော်ဦး မှဂုဏ်ပြုအမှတ်တရ လက်ဆောင်များကိုပေးအပ်ခဲ့ကြောင်းသိရပြီး စကားဝိုင်း ဆွေးနွေးပွဲတွင်လည်း ဓာတုဗေဒဌာန၊ သင်္ချာဌာနနှင့် သမိုင်းဌာနတို့မှ ဆရာ၊ ဆရာမများ  နှင့်ကျောင်းသား၊ ကျောင်းသူများက တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ အမေချစ်တဲ့ အဖေတူသားနှင့် ပြည်ထောင်စု တပ်မတော်တေး သီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းလည်း သိရသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ကျောင်းသူ(၅၀၀)ကျော်တို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)