ဇလွန် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၁၁)ခုတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထူးပြည့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးချစ်လွင်ထွေးနှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြသည်။
ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)ဇလွန်၊ အ.ထ.ကကော့ကပ်ကြီး၊ အ.ထ.ကကျုံရှစာဖြူစု၊ အ.ထ.ကရေလဲ၊ အ.ထ.ကဂုံညင်းတန်း၊ အ.ထ.ကဒေါင့်ကြီး၊ အ.ထ.ကပျဥ်းမကုန်း၊ အ.ထ.ကရွှေကျောင်း၊ အ.ထ.ကမေရီလန်း၊ အ.ထ.ကမြစ်ဝ၊ အ.ထ.က သပြုကွင်းကျောင်းစာစစ်ဌာန(၁၁)ခုတို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စာစစ်ဌာနများ စာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထူးပြည့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးချစ်လွင်ထွေးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအား မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေအသင့်ထားရှိရေး၊ ကျောင်းဝန်းအတွင်း မီးလောင်လွယ်ကူသော အမှိုက်များရှင်းလင်းထားရှိစေရေး ရေကန်များအား ရေအပြည့်ဖြည့်တင်းထားရှိပြီး အပေါ့စားရေစုပ်စက်များ အသင့်တပ်ဆင်ထားရှိစေနိုင်ရေး ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဇလွန်(ပြန်/ဆက်)